သတင်းများ

မုဒုံမြို့၌ ကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်
Jan 20,2022
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မုဒုံမြို့နယ် ကြက်ခြေနီ အသင်း(ခွဲ)၏ ဦးဆောင်မှုဖြင့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့မ(၄)ရပ်၊ ကန်ကြီးဓမ္မရာဇိန်ကျောင်း ဓမ္မာရုံ၌ ပြုလုပ်သည်။
ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဘိုးဘွားများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းဆောင်ရွက်
Jan 20,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဘီးလင်းမြို့နယ်ရုံးဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်း က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်​ လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကရင်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်
Jan 20,2022
၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ကရင်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၄၄)ဦးကို တာဝန်ရှိသူတို့လက်ခံ ဆောင်ရွက်
Jan 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၁၉၃)ဦးကို မြန်မာတာဝန်ရှိသူတို့က ယနေ့ နံနက် ၁၀ နာရီက မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)တွင် လက်ခံခဲ့ကြောင်းသိရသည်။
ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ မွန်လွဲ(၃)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Jan 20,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စာပေမြတ်နိုးသူ လူငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပုံပြင်စာအုပ်များနှင့် စာဖတ်ဝိုင်းကျင်းပကာ ပုံပြင်ပြောခြင်းကို ယနေ့နံနက်က ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။