လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ လက်မှုပညာသင်တန်း အခမဲ့ဖွင့်လှစ်
Dec 19,2021
တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်ကာ လက်မှုပညာ(ပန်းကြယ်သီး ထိုးနည်း) သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အမျိုးသမီး အသင်း (Women Club) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒီဇင်ဘာ ၁၈ ရက်နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။