တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

တောင်ကုတ်  ဇန်နဝါရီ ၂၀

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌  စာပေမြတ်နိုးသူ လူငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပုံပြင်စာအုပ်များနှင့် စာဖတ်ဝိုင်းကျင်းပကာ ပုံပြင်ပြောခြင်းကို ယနေ့နံနက်က ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာကြည့်တိုက်လက်ထောက်- ဒေါ်ဌေးဌေးလွင်က  စာပေချစ်မြတ်နိုးသူအဖွဲ့များနှင့် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ လူငယ်များ စာပေကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များဖြစ်ပေါ် လာစေရန်နှင့် စာပေကိုဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အတွေးအခေါ်ကောင်းများ ရရှိစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ဖြစ်ကြောင်းနွေးခဲ့သည်။

ဆက်လက်ပြီး ဒေါ်ဌေးဌေးလွင် က စကားပြောချိုသာသော ကြက်တူရွေး ပုံပြင်စာအုပ်အား ရှင်းလင်း ပြောကြားပြီး ရုပ်သံကျွမ်းကျင်-၃ဒေါ် ခိုင်ဇာလင်းက ငှက်မိသားစု ပုံပြင်စာအုပ်အား ဖတ်ရှုပြကာ သိရှိလိုသည်များအား မေးမြန်းကြရန် ပြောကြားရာ စာပေမြတ်နိုးသူ လူငယ်များက သိရှိလိုသည်များအား မေးမြန်း၍ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ဌေးဌေးလွင်က သိရှိလိုသည်များအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။

စန်းဝင်း (မြို့နယ်ပြန်/ဆက်)