လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း)  ဇန်နဝါရီ  ၂၀

ရန်ကုန်‌ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌  မိုးရာသီကာလအတွင်း ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုများ ကြောင့် ခြင်များပေါက်ဖွားမှုမရှိစေရန်  အမှတ်(၂၀) ရပ်ကွက်တွင် သန့်ရှင်းသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်ရုံးအစီအစဉ်ဖြင့် အမြင်တင့်တယ်၍ သန့်ရှင်း သပ်ရပ်မှုရှိစေရန် အမှိုက်များ ၊ရွက်ကြွေများ ရှင်းလင်းခြင်းနှင့်ရေမြောင်းများ ရှင်းလင်းခြင်းအား စုပေါင်းဆောင်ရွက်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာန ပတ်ဝန်းကျင် သန့်ရှင်ရေး၊ ရေစီးရေလာနှင့် ပန်းယျာဉ်ဝန်ထမ်းများက ရေမြောင်းအတွင်း အမှိုက်များရှင်းခြင်း၊​ မြေပိုများကိုရှင်းခြင်းနှင့် အမှိုက် များကို အမှိုက်သယ်ကားဖြင့် စနစ်တကျ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိသည်။

ဝေဝေ