ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

ရေတာရှည် ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ မွန်လွဲ(၃)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ(Talk Show)တွင် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်စာစီးမှူး စာမျိုး​အောင်က စားသုံးသူများ၏ အခွင့်အရေးများ ရရှိ​အောင် ဆောင်ရွက်​နေမှုများ၊ ကုန်စည်များ၊ ဝန်​ဆောင်မှုများနှင့်ပတ်သက်၍ သိရှိထားရမည့် အချက်များ၊ တိုင်ကြားလာမှုများနှင့် ပတ်သက်၍ ဖြေရှင်း​ဆောင်ရွက်ပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ရေတာရှည်မြို့နယ် တာဝန်ခံ စာ​ဇော်​ဇော်​ထွေးက လက်ရှိ​ဆောင်ရွက်​နေသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)အား ရေတာရှည် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook စာမျက်နှာများမှ တစ်ဆင့် ထုတ်လွှင့်တင်ဆက် သွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)