တာချီလိတ် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၁၉၃)ဦးကို မြန်မာတာဝန်ရှိသူတို့က ယနေ့ နံနက် ၁၀ နာရီက မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)တွင် လက်ခံခဲ့ကြောင်းသိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား(၁၀၈)ဦးနှင့် အမျိုးသမီး(၃၆)ဦးကို တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြပြီး ကျန်းမာရေးဌာနမှ တာဝန်ရှိသူတို့က ကိုဗစ်-၁၉ နှင့် အိုမီခရွန်ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန် အာခေါင်တို့ဖတ်ရယူ၍ ဝမ်လုံး Quarantine Centre တွင်(၁၁)ရက်ထားရှိကာ အာခေါင်တို့ဖတ်(၃)ကြိမ် ရယူစစ်ဆေးပြီး ရောဂါပိုးကင်းစင်သူများကို နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်သည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများကို လူကုန်ကူးမှု တိုက်ဖျက်နှိမ်နှင်းရေး ရဲတပ်ဖွဲ့က လူကုန်ကူးမှုအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ယာဆေး(ပြန်/ဆက်)