မုဒုံမြို့၌ ကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်

မုဒုံ ဇန်နဝါရီ  ၂၀

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မုဒုံမြို့နယ် ကြက်ခြေနီ အသင်း(ခွဲ) ဦးဆောင်မှုဖြင့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (/၂၀၂၂) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် နာရီက မြို့မ()ရပ်၊ ကန်ကြီးဓမ္မရာဇိန်ကျောင်း ဓမ္မာရုံ၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ဓမ္မရာဇိန်ကျောင်းမှ ဆရာတော်ကြီးက သြဝါဒမိန့်ကြားပြီး မြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ဥက္ကဋ္ဌ ဦးအောင်ဗိုလ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဒေါက်တာကျော်စိုးမိုးက ကြက်ခြေနီသူနာပြု တပ်ဖွဲ့သည် အခြေခံမူ ()ချက်နှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် စေတနာ့ဝန်ထမ်းများတို့၏ လုပ်အားဖြင့် ရပ်/ရွာအတွင်းရှိ ပြည်သူများအတွက် အရေးပေါ်အခြေအနေများနှင့် အိမ်တွင်းမတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှုများ လျော့ကျစေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို   မြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာများမှ  စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းများ စုစုပေါင်း(၂၃)ဦးတို့အား သင်တန်းနည်းပြ()ဦးတို့က ()ရက်ကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ပြီး သင်ခန်းစာရေးဖြေကိုပါ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)