သတင်းများ

အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေး
Dec 02,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အသက်တစ်နှစ်မှ မွေးကင်းစကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှစတင်ကာ အောင်သုခရပ်ကွက်ရှိ ကျန်းမာရေး ဆေးခန်း၌ ဆောင်ရွက် ပေးလျက်ရှိသည်။
ရေတာရှည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်​အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့် ပွဲ အခမ်းအနားကျင်းပ
Dec 02,2021
ပဲခူးတိုင်း​ဒေသကြီး ​တောင်ငူခရိုင် ​ရေတာရှည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်​အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ (၁) ရက် ည​နေ (၃)နာရီအချိန်တွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းဆိုင်ရာကိစ္စရပ်များကို ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ
Dec 02,2021
ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီးထုတစ်ရပ်လုံးအတွက်အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက် ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင် ဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး
Dec 02,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင် ကာကွယ်ရေးများ ပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးခဲ့သည်။
တွံ​တေးမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊တိုက်ကျွေးခြင်းများ ဆောင်ရွက်
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နာဂဒေသ၊ လဟယ်မြို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထက် အခြေခံ ပညာ ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က လဟယ်မြို့အခြေခံပညာ အထက်တန်းကျောင်း ဇေယျာသီရိကျောင်းဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ဈေးရောင်းချသူများနှင့်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိမရှိ လိုက်လံစစ်ဆေး
Dec 02,2021
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဒီဇင်ဘာလ ၂ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးဘုန်းလှိုင်နှင့် ဌာနဆိုင်ရာများမှ ဈေးရောင်းချသူများနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိမရှိ လိုက်လံစစ်ဆေးခဲ့ ကြောင်းသိရသည်။
မင်းလှမြို့နယ် စမ်းအိုင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မည့် အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Dec 02,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးရေးထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူအဆင်ပြေချောမွေ့စေရန်နှင့် ဈေးကွက်သို့ လျှင်မြန်စွာတင်ပို့နိုင်ရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက စမ်းအိုင် ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မည့် နေရာအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။