သတင်းများ

ညောင်လေးပင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယ‌နေ့နံနက်ပိုင်းက တော်ဝိကျေးရွာ လူစည်ကားရာနေရာများ ဖြစ်သော ရွာအ၀င်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
မုံးထမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး မြန်မာ၊ လားဟူနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Jan 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါပိုး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ၊ လားဟူနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။
ရွာငံမြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာစိုက်ပျိုးသူများ အထွက်တိုးကာ စျေးကောင်းရရှိ
Jan 20,2022
ရွာငံမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကအခြေခံ၍ လုပ်ကိုင်ကြရာ ယခုနှစ်တွင် တောင်သူများအနေဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ရေဆင်းစပ်မျိုးဖြစ်သည့် အထွက်တိုးနေကြာများကို တိုးချဲ့စိုက်ပျိုးလာရာ နေကြာစိုက်တောင်သူများ အထွက်တိုးကောင်း မွန်၍ စျေးကောင်းများရရှိကြကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။
ရွှေကျင်မြို့နယ် ဝိုင်ပျဉ်ရေကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဝိုင်ပျဉ်ရေကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝိုင်ပျဉ်ရေကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့ စက်/ဆောင်းဘောက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
တာလေမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်
Jan 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခြင်းမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရန် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့၊ နားကောင်းမူးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်
Jan 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ယမန်နေ့က ပုံပါကျင်မြို့၊ နား‌ကောင်းမူးကျေးရွာ၊ ရပ်ကွက် ၄ တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် နှာခေါင်းစည်း Mask Campaign ပြုလုပ်ပြီး ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခြင်းများ ဆက်လက်ဆောင်ရွက်
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာ‌စေရန်နှင့် Mask Campaign ကို ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့မဈေးနှင့် လူစည်ကားရာ​နေရာများ၌ ဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jan 20,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆိုလာစနစ်ဖြင့် လယ်ယာ‌မြေရေရရှိ‌ရေးနှင့် ‌ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေသည့် လုပ်ငန်းများကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် ဝန်ထမ်းများက ယမန်နေ့က လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။