ပန်ဆိုင်း(ကြူကုတ်)ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာဦးရဲတင့်၏ မီဒီယာနှင့် နိုင်ငံရေးစာအုပ်နှင့် စာရေးဆရာညွှန့်ဝေမိုး ရေးသားထားသည့် ကလေးများအတွက် ရုပ်ပုံပြအဘိဓာန်စာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။