သတင်းများ

အင်္ဂပူမြို့တွင် ပန်းခင်းစီမံချက်ဆိုင် ရာအသိပညာပေး (Talk Show)ပြု လုပ်
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊(Com munity Center) ခန်းမ၌ ကိုဗစ် -၁၉ ကာလအတွင်းပြည်သူများ အသိ ပ ညာဗဟုသုတရရှိစေရန်အတွက်မြို့ နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ နယ်ဦးစီးမှူးရုံးတို့ပူး‌ပေါင်းပြီးပန်းခင်းစီမံချက်ဆိုင်ရာအသိပညာပေး (Talk Show )ဆောင်ရွက်ခဲ့သည်။ 
အင်းစိန်မြို့နယ်ရှိ ရပ်ကွက်များသို့ မော်တော်ယာဉ် လှည့်လည်ကာ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်
Dec 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက နှိုးဆော် ခဲ့သည်။
ပင်းတယမြို့နယ်တွင် နှင်းဆီပန်းများ ဈေးကောင်းရသဖြင့် တစ်ပိုင်တစ်နိုင် နှင်းဆီပန်း စိုက်ပျိုးတောင်သူများ အဆင်ပြေဝင်ငွေတိုးလျက်ရှိ
Dec 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများတွင် စိုက်ပျိုးရေးအခြေခံသည့်လုပ်ငန်းများ လုပ်ကိုင်ကြလျှက်ရှိရာ ပင်းတယမြို့ နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်ကျေးရွာတွင် နှင်းဆီပန်းခင်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချ အောင်မြင်ဖြစ်ထွန်းပြီး၊ မိသားစုဝင်ငွေတိုးလျှက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
Dec 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ စီနှခွအုပ်စု၊ ကွင်းအမှတ် ၄၇၃(က)တောင်သူ ဦးဖိုးဆိတ်၏ မိုးစပါး စံပြကွက် ဆင်းသုခ(၅)ဧက စိုက်ခင်းတွင် ယနေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ဒေသခံပြည်သူ (၇၈၅) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များ ထပ်မံထိုးနှံပေး
Dec 03,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm၊ First Dose ၊ Second Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်ခန်းမစုရပ်တွင် ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင်  မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူ
Dec 03,2021
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် တွင်မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃ ရက်နေ့က အာရုဏ်ဈေး၊ လက်ပံတန်း(၁)လမ်းအဝိုင်း၊ ကျွန်းကလေးတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သတ်မှတ်ဌာနဆိုင်ရာအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ယင်းမာပင်မြို့နယ်တွင် မိဘပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးရာ ၁၉၄၀ ဦး ထိုးပေးနိုင်
Dec 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် မိဘပြည်သူများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ဒုတိယအကြိမ်) တတိယအသုတ်(ဒုတိယအကြိမ်)၊ စတုတ္ထအသုတ်(ပထမအကြိမ်)နှင့် (ဒုတိယအကြိမ်)အဖြစ် အခြေခံပညာ အထက်တန်းကျောင်း ပညာဇွဲမာန်ခန်းမတွင် လည်းကောင်း၊ ရွှေတောင်ဦးဓမ္မာရုံတွင် လည်းကောင်း၊ နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှစ၍ တစ်ပြိုင်တည်း ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး
Dec 03,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား မြို့နယ် အတွင်း ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် အောက်တိုဘာ ၁၈ရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။