မောက်မယ်မြို့မစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးငြိမ်းသတ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်
Jan 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက်ရှိ စည်ပင်သာယာမြို့မစျေး၌ ဒေသခံပြည်သူများ၊ စျေးသူ/စျေးသားများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးနှင့် အချိန်မီ မီးငြိမ်းသတ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မီးငြိမ်းသတ်ရေးလေ့ကျင့်မှုများကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။