မုံရွာ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဥပ္ပါတသန္တိသုတ်တော်နှင့် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး သာသနာ့ဗိမ္မာန်တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော် သြဝါဒစရိယ မုံရွာမြို့၊ ဓမ္မပါရဂူကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ်ပရိတ် တရားတော်များ ချီးမြင့်ကာ မုံရွာမြို့၊ သာဇံကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တသြသဓမှ အနုမောဒနာဂါထာ ဖတ်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများနှင့် ပဌာနဘာဏက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တု ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက၊ ဒွိပိဋကဓရ၊ ဒွိပိဋက ကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်ပြီး မုံရွာမြို့၊ သာဇံကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တအာစာရမှ ပဌာန်းတရား နာယူလာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့ကို ပို့ဆောင်၍ ဆရာတော်၊ သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိသတ်များက ပဌာန်းသိမ်းအောင်ပွဲအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ရုပ်သိမ်း ခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ(၁၈)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။
ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ ကော်မတီများအလိုက် လုပ်ငန်းများကြိုတင် ဆောင်ရွက်ထားရှိမှု များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များအား ရှင်းလင်းတင်ကြသည်။
ဆက်လက်၍ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုသွားရောက်ပြသ မည့် အလှပြယာဉ်(၃)စီး ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများအား စစ်ကိုင်းခရိုင်၊ ရွှေဘို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် ပညာရှင်များက ပြင်ဆင် ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အလှပြယာဉ်(၃)စီး ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေး နွေးတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသော ၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) (၁)ဦးချင်း၊ (၃)ယောက်တွဲနှင့် (၅)ယောက်တွဲ ပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစားသမားများက သရုပ်ပြသမှုအား ကြည့်ရှုအားပေး ကြသည်။
ယင်းနောက် ဆုချီးမြင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက (၁)ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က (၃)ယောက်တွဲပြိုင်ပွဲ တတိယ ဆုရရှိသော ကသာခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၃)သောင်းအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက (၃)ယောက်တွဲ ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရွှေဘိုခရိုင်အသင်းအား တစ်ဦးချင်းဆု တံဆိပ်နှင့် ငွေသားဆု ကျပ်(၅)သောင်းအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမ ဆုရရှိသော စစ်ကိုင်းခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သောင်းအား အသီးသီး ပေးအပ်ကြသည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက (၅)ယောက်တွဲပြိုင်ပွဲ တတိယဆုရရှိသော ကန့်ဘလူခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၅)သောင်းအား လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာ ဝန်ကြီး ဦးအေးလိူင်က (၅)ယောက်တွဲပြိုင်ပွဲ ဒုတိယဆုရရှိသော မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၁)သိန်း အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက (၅)ယောက်တွဲပြိုင်ပွဲ ပထမဆုရရှိသော ရွှေဘိုခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု(၁၅၀၀၀၀-တစ်သိန်းငါးသောင်း)အား အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တံခွန်စိုက်ဆုရရှိသော ရွှေဘိုခရိုင်အား ငွေသားဆု ကျပ်(၅)သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြင့်ကာ တာဝန်ရှိသူများနှင့်အတူ ဆုရအား ကစားသမားများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)