ကျောက်မဲ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြိုနယ်တွင် အသက် ၁၈ နှစ်အထက်ပြည်သူများအား သတ်မှတ်စုရပ်အသီးသီး၌ ကာကွယ် ဆေးများ နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျောက်မဲမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပြီးသူ ပေါင်း ၅၅၅၆၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်အထက် ပြည်သူပေါင်း ၁၀၉၈၂၆ ဦးရှိပြီး ၎င်းတို့အနက် ဇန်နဝါရီ ၁၈ ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၅၅၅၆၆ ဦးရှိသည့်အတွက် ကာကွယ်ဆေး လွမ်းခြုံမှုအနေဖြင့် ၅၀ ဒဿမ ၅၉ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အနေဖြင့် ကာကွယ်ဆေး လွမ်းခြုံမှု ၅၀ ရာခိုင်နှုန်း ပြည့်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့နောက်ပိုင်း ကိုဗစ်၁၉ ရောဂါဖြစ်ပွားသူ တစ်ဦးမျှမတွေ့ရှိရတော့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)