ပန်ဆိုင်း(ကြူကုတ်) ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာဦးရဲတင့်၏ မီဒီယာနှင့် နိုင်ငံရေးစာအုပ်နှင့် စာရေးဆရာညွှန့်ဝေမိုး ရေးသားထားသည့် ကလေးများအတွက် ရုပ်ပုံပြအဘိဓာန်စာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊သမီးငယ်လေး များအတွက် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက Online မှ တစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက်အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြောခြင်းအစီအစဉ်၊ ကဗျာလေးတွေရွတ်ကြမယ် အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ် ပန်ဆိုင်းပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
အိဖြူ(ပန်ဆိုင်း)