ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်စု၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်

ပြည် ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်စု၊ ဈေးရပ်ကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာ တောင်သူများတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟော ပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအသိပညာပေးဆွေးနွေးဟောပြောပွဲတွင် စာသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းက စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ ပါ စားသုံးသူ၏ အခွင့်အရေးနှင့် ဆောင်ရန်/ရှောင်ရန်  အကြောင်းအရာများကို အသိပညာပေး ဆွေး နွေးပြောကြားခဲ့ပြီး တောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့်  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးဆိုင်ရာ အကြောင်းအရာများနှင့် လိုက်နာဆောင်ရွက်ရမည့် တာဝန်များအား ကျေးလက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ထိုသို့ အသိပညာပေးဟောပြောပွဲများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင် ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ပြည်ခရိုင်(ပြန်/ဆက်)