မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးအစီအစဉ်များ Online မှတစ်ဆင့် နေ့စဉ်ဆောင်ရွက်ပေး
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို နေ့စဉ်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု ၍ အလွယ်တကူ စာပေဖတ်ရှုနိုင်စေရေး၊ ဝန်ထမ်းများမှ နေ့စဉ် Online မှ အသိပညာပေးအစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေး လျက်ရှိကြသည်။