ကျောက်ကြီး ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကုန်းကျောင်းပရိယတ္ထိစာသင်တိုက်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကာကွယ်ဆေး Booster Dose ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ပညာရေးဝန်ထမ်း(၁၂၈) ဦးအား စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးများကို ပထမဦးစားပေးအနေဖြင့် ကျန်းမာရေးဝန်ထမ်း(၄၆)ဦးအား ထိုးနှံပေးခဲ့ပြီး ဆက်လက်၍ ပညာရေးဝန်ထမ်း(၁၂၈)ဦးအား ထိုးနှံပေးခဲ့သည်၊ ကျန်ရှိနေသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရဟန်းသံဃာများ၊ ဒေသခံပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၅၂၇၁၇)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၄၇၅၉၅)ဦးရှိပြီး အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ(၆၁၁၂)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ(၆၀၃၈)ဦး ထိုးနှံပေးခဲ့ပြီး၊ ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ Booster Dose ဆေးကို ကိုဗစ်ရောဂါကာကွယ်ဆေး ရရှိတဲ့အပေါ်မူတည်၍ အမြန်ဆုံးထိုးနှံပေးနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)