အုတ်တွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးအခြေခံဆန်ကော၊ ဆန်ကာယက်လုပ်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း     ဇန်နဝါရီ    ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ(၂၀၂၁-၂၀၂၂)ခု(၆)လဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးအခြေခံဆန်ကော၊ ဆန်ကာယက်လုပ်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ချက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် တောင်ငူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးတို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကြောင်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်စုနွယ်ဝင်းက မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုးအား ဆန် ကော၊ ဆန်ကာများနှင့် သင်တန်းနည်းပြဆရာမအား အမှတ်တရပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)