ပဲခူးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

ပဲခူး  ဇန်နဝါရီ  ၂၀

ပဲခူးတိုင်းဒေသကြီး  ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ၊ လူကြီးလူငယ်၊ ကျောင်းသား/ကျောင်းသူ ကလေးငယ်များအတွက် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးလျက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က ပေါင်းညွမ်(နာဂ)စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသော "ညီညွတ်ခြင်းသည်အင်အား"ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်းအစီ အစဉ်ကို ရိုက်ကူး၍ ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။   

ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် အချိန်ကာလတွင် စာကြည့်တိုက်သို့လာရောက်၍ စာပေဖတ်ရှုခြင်းမပြုနိုင်သည့် စာဖတ်ပရိသတ်များအတွက် စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်ကာ ပဲခူးခရိုင်ရုံးရှိ ဝန်ထမ်းများက သုတ/ရသစာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ပြခြင်းအစီအစဉ်များကို ရိုက်ကူးလျက် ပဲခူးခရိုင်ရုံး ပြည်သူ့စာကြည့်တိုက် Page မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)