အခြေခံငါးမွေးမြူရေးလုပ်ငန်းနှင့် ရေချိုငါးမျိုးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေး သင်တန်းဖွင့်လှစ်

ညောင်ရွှေ ဇန်နဝါရီ ၂၁

အခြေခံ ငါးမွေးမြူရေးလုပ်ငန်းနှင့် ရေချိုငါးမျိုးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေငါးလုပ်ငန်းစခန်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသော်ထွန်းဦးက အမှာစကား ပြောကြားပြီး ညောင်ရွှေငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိမိခိုင်က အခြေခံငါးမွေးမြူရေး လုပ်ငန်းနှင့် ရေချိုငါးမျိုးများ ဆေးထိုးသားဖောက်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။ အဆိုပါ သင်တန်းသို့ ညောင်ရွှေ၊ တောင်ကြီး၊ ရွှေညောင်မြို့များမှ ငါးမွေးတောင်သူနှင့် ငါးမွေးမြူရေး စိတ်ပါဝင်စားသူ သင်တန်းသား ၂၄ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ နှစ်ရက်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ