မြောင်းမြ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ -၂၀၂၂ဘဏ္ဍာနှစ်အတွက်ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကိုယနေ့နံနက်(၁၀) နာရီတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရပါသည်။
ဆောင်းသီးနှံစိုက်ပျိုးသူတောင်သူများအားစိုက်ပျိုးစရိတ်ချေးငွေအနေဖြင့်တစ်ဧကလျှင် ၁၅၀၀၀၀နှုန်းထုတ်ပေးလျက်ရှိပြီးယနေ့တွင်မြောင်းမြမြို့နယ်အတွင်းရှိ ထန်းကုန်း၊ငါးဒန်တရာနှင့်ဦးနုချောင်းကျေးရွာများမှတောင်သူများအားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။
၂၀၂၁ -၂၀၂၂ဘဏ္ဍာနှစ်အတွက်ဆောင်းသီးနှံစရိတ်ထုတ်ချေးရန်လျာထားငွေမှာငွေကျပ်သိန်း(၁၃၀၀၀) ရှိကြောင်း၊ချေးငွေထုတ်ချေးခြင်းကို၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ(၁) ရက်နေ့မှစတင်ထုတ်ချေးပေးလျက်ရှိရာယနေ့အထိကျေးရွာ(၂၃)ရွာရှိ တောင်သူ(၁၁၄၆) ဦးပိုင်ဆိုင်သည့်ဧက (၆၆၅၉) အတွက်ငွေကျပ် သိန်း (၉၉၈၈.၅၀) ထုတ်ချေးပြီးဖြစ်ကြောင်း၊ကျန်ရှိသောကျေးရွာများကိုလည်းယခုလအတွင်းအပြီးထုတ်ချေးသွာမည်ဖြစ်ကြောင်းမြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။
စန္ဒာကြည်