သာယာဝတီ ဇန်နဝါရီ ၂၁
သာယာဝတီခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၈)မြို့နယ် အသက်(၂၅) နှစ်အောက် အေရိုးဗစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ခရိုင်အားကစားခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် တစ်ဦးချင်း စိတ်ကြိုက် စွမ်းရည်ပြ ယှဉ်ပြိုင်ကစားခြင်းနှင့် အခြေခံစနစ်သစ် (၅)ယောက်တွဲနှင့် အဆင့်မြှင့်စနစ် (၃)ယောက်တွဲ ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထို့နောက် ဆုရအသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာတွင် (၁)ဦးချင်း ပထမ၊ ဒုတိယ၊ တတိယဆု ရသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးကလည်းကောင်း၊ (၃) ယောက်တွဲ ပထမ၊ ဒုတိယ နှင့် တတိယဆုများအား ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Dr နီလာအောင် ကလည်းကောင်း၊ အခြေခံစနစ်သစ် (၅) ယောက်တွဲ ပြိုင်ပွဲတွင် ဆုရအသင်းအား လမ်းဦးစီးဌာန (ငြိမ်း)ဒေါ်သန်းသန်းဝင်းတို့က ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တံခွန်စိုက်ဒိုင်းဆုရအသင်းအား ခရိုင်အားကစားမှူး ဒေါ်သူဇာအောင် တို့က တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်