သတင်းများ

ကရသူရိမြို့တွင် အိုမီခရွန်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းမြို့နယ်၊  ကရသူရိမြို့တွင်  အိုမီခရွန်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်တွင် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း ပိုးကရင်၊ မြန်မာဘာသာစကားတို့ဖြင့် ရပ်ကွက်များ၌ အသိပညာပေးနှိုးဆော်
Jan 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း အများပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။
အမာမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေး
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဆေးခန်း၌  အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား  COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီတွင်  စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး(Talk Show)ဆွေးနွေး
Jan 21,2022
ကချင်ပြည်နယ်၊ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် နွေရာသီအချိန်ကာလတွင် ပြည်သူများ၏အိုးအိမ်စည်းစိမ်များ မီးလောင်ဆုံးရှုံးမှု မဖြစ်ပွားစေရန် နှင့်ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်အတွက် မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအသိပညာပေး(Talk Show)အွန်လိုင်းမှတဆင့်ဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreခန်းမ၌ကျင်းပ သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အုပ်ချုပ် ရေးမှူးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 21,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို သရက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၂ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
သံမိုးတောင်ကျေးရွာရှိ  ရော်ဘာစိုက်တောင်သူအချို့  ရော်ဘာကိုင်းများအား  ခုတ်ချရှင်းလင်းပြီး  ကွမ်းသီးပင်များ ပြန်လည်စိုက်ပျိုး
Jan 21,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုမြို့ သံမိုးတောင်ကျေးရွာရှိ  ရော်ဘာစိုက်တောင် သူ အချို့မှာ ယခင်နှစ်က ရော်ဘာပြားများ ဈေးနှုန်းကျဆင်းခြင်းကြောင့် ရော်ဘာပင်များအား   ခုတ်လှဲရောင်းချခဲ့ကြပြီး   ကွမ်းသီးပင်များ   ပြန်လည်စိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။
ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိရာ ပဉ္စမအသုတ်(ဒုတိယ)အကြိမ်တွင်ကာကွယ်ဆေးထိုးပြီးသူပေါင်း(၄၇၆၂)ဦးရှိ
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲက ပဉ္စမအသုတ်(ဒုတိယ) အကြိမ်တွင် ကာကွယ်ဆေး ထိုးပြီးသူပေါင်း (၄၇၆၂)ဦးရှိကြောင်း သိရှိရသည်။