သတင်းများ

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၄၄)ဦးကို တာဝန်ရှိသူတို့လက်ခံ ဆောင်ရွက်
Jan 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၁၉၃)ဦးကို မြန်မာတာဝန်ရှိသူတို့က ယနေ့ နံနက် ၁၀ နာရီက မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)တွင် လက်ခံခဲ့ကြောင်းသိရသည်။
ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ မွန်လွဲ(၃)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Jan 20,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စာပေမြတ်နိုးသူ လူငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပုံပြင်စာအုပ်များနှင့် စာဖတ်ဝိုင်းကျင်းပကာ ပုံပြင်ပြောခြင်းကို ယနေ့နံနက်က ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်
Jan 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့သွားရောက်ကာ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်း သင်တန်း ဖွင့်လှစ်
Jan 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်ကမ်းချက်များနှင့် အညီ မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်းသင်တန်းကို သင်တန်းသူ (၁၂)ဦးဖြင့် အခမဲ့ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
နမ့်စန်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အား/ကာကော်မတီ ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jan 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက နမ့်စန် အထကကျောင်း ဘောလုံးအားကစားကွင်းတွင်ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အား/ကာ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အသင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ်၌ ကိုယ်၀န်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက်(၁၈)နှစ်အထက် ကာကွယ်‌ဆေးမထိုးနှံရ‌သေးသူ ပြည်သူ များအား ကာကွယ်‌ဆေးဆက်လက်ထိုးနှံပေး
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက်၁၈နှစ်အထက် ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinophane)ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉နာရီ အချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။