နမ့်စန်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အား/ကာကော်မတီ ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နမ့်စန်(ဇန်နဝါရီ  ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက နမ့်စန် အထကကျောင်း ဘောလုံးအားကစားကွင်းတွင်ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အား/ကာ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အသင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများနှင့် ဘင်ခရာတပ်ဖွဲ့တို့က စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခဲ့ကြသည်။

ဆက်လက်၍ မြို့မအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက အေရိုးဗစ် အကအလှများဖြင့် ကပြဖျော်ဖြေ ခဲ့ကြသည်။

အဆိုပါ ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲတွင် နမ့်စန် မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဘောလုံးအသင်း ၁၈ သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဖွင့်ပွဲနေ့ပွဲစဉ်အဖြစ် အမှတ်()ကျေးရွာ ဘောလုံးအသင်းနှင့် ထင်းရှူးမြိုင်ကျေးရွာဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ထင်းရှူးမြိုင်ကျေးရွာ ဘောလုံး အသင်းက ဂိုး ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။

 မြို့နယ်ပြန်/ဆက်