ကံမမြို့၌ အသက် ၈၅ နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အသက်(၈၅)နှစ်အထက် အသက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အ တွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့နေ့လယ် ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များက အိမ်တိုင်ရာရောက် သွားရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။