သတင်းများ

ပုလောမြို့တွင် နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးနှင့် နှာခေါင်းစည်း(Mask) အခု(၁၀၀၀၀) အခမဲ့ ဖြန့်ဝေ
Dec 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ မြိုပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့နယ်ခန်းမ အရှေ့ မြိတ်-ထားဝယ် ကားလမ်းမပေါ် ခရီးသွား မိဘပြည်သူများနှင့် နေအိမ်ပြင်ပ ထွက်ခွာ သွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
ပန်းတနော်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်​ထောင်စုလူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများကွင်းဆင်း​ဆောင်ရွက်​ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ခရေကန်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် ယူရီးယားဓါတ်မြေသြဇာအိတ်များဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကျင်းပ
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယူရီးယားဓါတ်မြေသြဇာအိတ်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်
Dec 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝေါမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ လူစည်ကာသည့် လမ်းဆုံလမ်းခွနေရာများတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောက်လုပ်လျှက်ရှိသော ကျောင်းဆောင်သစ်  ၇၅ ရာခိုင်နှုန်းပြီးစီး
Dec 03,2021
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။ 
မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအုပ်ကြီးများတွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ညှိနှိုင်း စည်းဝေးကျင်းပ
Dec 03,2021
မလှိုင်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် အခြေခံပညာကျောင်းများမှကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ထိုးနှံနိုင်ရေးနှင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိရန် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွှဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ
Dec 03,2021
ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး တိုင်းရင်းသားရေးရာ ကိစ္စရပ်ရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပခဲ့သည်။
မြန်မာနိုင်ငံသို့ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့် စစ်ဆေး
Dec 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စင်တာတွင်ထားရှိပြီး ယနေ့နံနက်ပိုင်းက မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန် အမျိုးသား (၁၄၂)ဦး၊ အမျိုးသမီး(၂၀)ဦး စုစုပေါင်း(၁၆၂)ဦးတို့အား RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ယူပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။