မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်း သင်တန်း ဖွင့်လှစ်

မန်တုံ   ဇန်နဝါရီ   ၂၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်ကမ်းချက်များနှင့် အညီ မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်းသင်တန်းကို သင်တန်းသူ (၁၂)ဦးဖြင့် အခမဲ့ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါမျက်နှာသစ်ဆပ်ပြာပြုလုပ်နည်းသင်တန်းတွင် မြို့နယ်ဦးစီးမှူးဒေါ်ယုယုအောင်က အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ အိမ်တွင်းတစ်နိုင်တစ်ပိုင်ဖြင့် မိသားစုအပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းဆရာမဒေါ်မာဘောက်က ဆပ်ပြာပြုလုပ်နည်း အဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းပြသပေးကာ သင်တန်းသူ များမှ စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြကြောင်း သိရသည်။

မန်တုံ