သတင်းများ

လှိုင်မြို့နယ်တွင် အသက်(၂၀)နှစ်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 02,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ယနေ့နံနက် (၉:၀၀) အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ကံမမြို့နယ် ခြောက်ပင်ကျေးရွာရှိ ဆောင်းမြေပဲသီးနှံ ဂျစ်ပဆန် ထည့်သွင်းခြင်း စံပြကွက်ကြည့်ရှုအားပေး
Dec 02,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ခြောက်ပင်ကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် ဆောင်းမြေပဲသီးနှံ ဂျစ်ပဆန်ထည့်သွင်းခြင်း စံပြစိုက်ကွက်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ယနေ့ နေ့လည်က ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ရေစီး​ရေလာ​ကောင်းမွန်​စေ​ရေး​နှင့် သန့်ရှင်းသာယာလှပရေးဆောက်ရွက်
Dec 02,2021
မြို့​တော်သန့်ရှင်းသာယာလှပ​စေ​ရေးနှင့် ​​ရေကြီး​ရေလျှံမှုများမဖြစ်​ပေါ်​စေ​ရေး အတွက် လုပ်ငန်းများ​ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် စည်ပင်သာယာ​ရေးဝန်ထမ်းများက(၁၅) ရပ်ကွက် ဗဟိုလမ်းအုတ်ကျင်းဘူတာရုံနှင့် ပိတောက်ချောင်း (ဗဟိုလမ်းဘေး)တွင် ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းခြင်း လုပ်ငန်းများအား ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။ အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် အမှိုက်များ နုံးများ၊ ဆယ်ယူရှင်းလင်းခြင်း၊ ချောင်းဘေးရှိသစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း အစရှိသည့် လုပ်ငန်းများကို စည်ပင်သာယာသန့်ရှင်းရေး လုပ်သာများ၊ ရေစီးရေလာ လုပ်သားများဖြင့်​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
တာမွေမြို့နယ်ရှိ တာမွေ(ယာယီ) စျေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှား မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာ သည့် အခါတိုင်း နှာခေါင်းစည်း (Mask)  တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီစျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးညှင်းမြို့၌ စာဆိုတော်နေ့အကြောင်း သိကောင်းစရာ အွန်လိုင်းအသိပညာပေးဟောပြော
Dec 02,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် စာဆိုတော်နေ့အကြောင်း သိကောင်းစရာ အွန်လိုင်းအသိပညာပေးဟောပြောခြင်းကို ယနေ့ မွန်းလွဲ(၂)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ဝေါမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း Mask တပ်ရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 02,2021
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ဝေါမြို့ဘူတာလမ်းဆုံတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း(Mask) များတက်၍ အိမ်အပြင်သို့ထွက်ရန် အသိပညာပေးဆောင်ရွက်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် နှာခေါင်းစည်း Mask Campaing အခမဲ့ဖြန့်ဝေ
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်အဖြစ် ယနေ့နံနက်(၇)နာရီအချိန်က လူစည်ကားရာ မီးခွက်စျေး၌ နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာခြင်း မရှိသူများ၊ စျေးရောင်း၊ စျေးဝယ် သွားလာနေသူများအား Mask Campaing အခမဲ့ဖြန့်ဝေခြင်း၊ ကျန်းမာ​ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျှက်ရှိသည်။
မင်္ဂလာဒုံ မြို့နယ်တွင်အသက်(၄၀) နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးတည်အုပ်စုတွင် ပါဝင်သူများအား ယနေ့နံနက်ပိုင်းမှ စတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။