သုံးခွ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက်၁၈နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinophane)ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉နာရီ အချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်၀န်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက်၁၈နှစ်ပြည့်ပြီးသူများ၊ အသက်(၄၅)နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများ၊ အစိုးရကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ပရဟိတဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ၊ (ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်းများ) ၊ပုဂ္ဂလိက ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင် သူများ၊ စားသောက်ကုန်ပစ္စည်းရောင်းချသူများ၊ စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းများအား ထိုးနှံပေးကြောင်းသိရသည်။
ဒီနေ့ကိုယ်၀န်ဆောင်နဲ့ နို့တိုက်မိခင်တွေကို ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ Sinophane ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ် စတင်ထိုးနှံပေးခြင်းဖြစ်ပါတယ် လောလောဆယ် ကိုယ်၀န်ဆောင်နဲ့ နို့တိုက်မိခင်လူဦးရေ ၃၀၀ စာကို ၂၀ရက်နေ့နဲ့ ၂၁ရက်နေ့မှာ ထိုးနှံပေးသွားမှာပါ နောက်ထပ်မြို့နယ်အတွင်းမှာကျန်ရှိနေသေးတဲ့ ကိုယ်၀န်ဆောင်နဲ့ နို့တိုက်မိခင်တွေစာရင်း ပြုစုပြီးတော့ ကျန်းမာရေးဌာနကို ဆေးတောင်းခံပြီး ထပ်မံရရှိလာတဲ့အခါမှာ ဆက်လက်ထိုးနှံပေးသွားမှာပါလို့ ကျန်းမာရေးမှူးအဆင့် ၁ ဦးအောင်ဇော်ထက်က ပြောကြားသည်။
ကိုယ်၀န်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် Sinophane ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀-၁-၂၀၂၂ရက်နေ့မှ ၂၁-၁-၂၀၂၂ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး first Dose ထိုးနှံပြီးသူ (၉၃၇၁၆)ဦး၊ second Dose ထိုးနှံပြီးသူ (၈၉၅၄၉)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၈၀.၁၆%ရှိ ကြောင်း သိရသည်။
စည်သူလင်း