မြန်အောင် ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက်က မြန်အောင်မြို့အမှတ် (၅) ရပ်ကွက်အတွင်းရှိ ရပ်ကွက်ပြည်သူများ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း ပြည်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီအပြင်သို့သွားတိုင်းနှာ ခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန်၊ အရေးကြီးကိစ္စမရှိလျှင် တခြားသူများထံသို့သွား ရောက်လည်ပတ်ခြင်းမပြုကြရန်၊ အရာဝတ္တုများကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာဆေးကြောရန်၊ လူစုလူ ဝေးရှောင်ရှားကြရန်၊ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ် ပြည့်မပျက်မကွက်ခံယူကြရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှု ခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရန် မိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးကြပါရန် စသည့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် (မြန်အောင်)