အောင်လံ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ” Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက အွန်လိုင်းမှ ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အသင်း ဒု-ဥက္ကဋ္ဌ ဦးသန်းထွန်း(ပညာရေး-ငြိမ်း)မှ လွတ်လပ်ရေး နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ နယ်ချဲ့ဗြိတိသျှတို့လက်အောက်မှ ပြည်နယ်ပြည်မ မခွဲခြားဘဲ တောင်တန်းဒေသအပါအဝင် အတူတကွလွတ်လပ်ရေးရရှိရန် နိုင်ငံ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ပုံများကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်အွန်လိုင်းမှ အသိပညာပေး Talk Show အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေး လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)