ကျုံပျော် ဇန်နဝါရီ ၂၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၂၄ ရက်က ကုန်းမဲဇလီကျေးရွာတွင် ပြည်သူ (၃၃၅)ဦး ကိုဗစ်-၁၉ ကာကွယ်ဆေးများ လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးထိုးနှံရာတွင် စနစ်တကျ ရှိစေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး၊ ကျေးရွာတွင်းရှိ အမျိုးသား(၁၈၇)ဦး နှင့် အမျိုးသမီး (၁၄၈)ဦး၊ စုစုပေါင်း(၃၃၅)ဦး လာရောက်ဆေးထိုးနှံခဲ့ကြောင်း သိရသည်။
လက်ရှိ ကျုံပျော်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၇၀)မှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ (၇၀၆၄) ဦး၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူ(၁၂၀၀၀၀)ဦးကျော် ထိုးနှံပြီးဖြစ်ကာ၊ ဆေးထိုးနှံပေးနေမှုကိုလည်း အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် လှုံဆော်ကြေငြာခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့မတိုက်နယ်အတွက် ပြည်သူ့အားကစားခန်းမ ဆေးထိုးစုရပ်၌ ထိုးနှံပေး လျက်ရှိပြီး၊ အထောင်၊ ရေစခန်း၊ အင်းရဲနှင့် ဒိုက်ပျက်တိုက်နယ်များတွင်လည်း သတ်မှတ် ဆေးထိုးစုရပ်များ ၌ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)