ကျိုက်လတ် ဇန်နဝါရီ ၂၄
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်ရုံး၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပြည်သူများ နိုင်ငံ၏ နေ့ထူးနေ့မြတ်ရက်များအား အမြဲအမှတ်တရ သိရှိနေစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန် စာအုပ်စာပေများကို ချစ်မြတ်နိုးတက်စေရန်၊ စာပေတန်ဖိုးကို သိနားလည်စေရန်၊ စာဖတ်ခြင်းဖြင့် ဘဝတိုး တက်မှုကို ရရှိကြစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး နံရံကပ်စာစောင်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါးများ၊ ပင်လုံစာချုပ် လက်မှတ် ရေးထိုးခဲ့သူများ၊ ကဗျာ၊ ကာတွန်းများ၊ ဆောင်ပုဒ်များ၊ မှတ်တမ်းပုံများ ပြသထားရှိပြီး၊ စာအုပ်ပြပွဲတွင် ပြည်ထောင်စုနေ့နှင့်ပတ်သတ်သည့် သုတစာအုပ်များ၊ ကဗျာစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ စာစောင်များ ပြသထားရှိသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲသို့ စာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုကြပြီး ပြပွဲအား ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဌေးဌေးလှိုင်