ပျော်ဘွယ် ဇန်နဝါရီ ၂၄
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအား သတိပြုကာကွယ် နိုင်စေရန် ယနေ့ နံနက် (၉) နာရီက ရွာသာကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
“ကျွန်မတို့အနေနဲ့ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါအကြောင်းကို ပြည်သူတွေသိရှိအောင်ဆိုပြီး ယခုလို အသံချဲ့စက် ငယ်နှင့် လိုက်လံအသိပေးနှိုးဆော်ပေးနေခြင်း ဖြစ်ပါတယ်၊ ဗီဇပြောင်းပြီး ဝင်ရောက်လာတဲ့ ရောဂါကို သတိရှိစွာနဲ့ ကာကွယ်နိုင်ဖို့ဖြစ်ပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းပြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ နှာခေါင်းစည်းတပ်ဆင်ရာတွင်လည်း မတပ်ခင် လက်ကို စနစ်တကျ သန့်ရှင်းရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ကာရံသွားရန်၊ မိမိတို့နေအိမ် ပြတင်းပေါက်များအား လေဝင်ထွက်မှု ကောင်းမွန်ရေး ဖွင့်ထားကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် ထိုးနှံနိုင်ရေးတို့အား အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)