သတင်းများ

တံတားဦးမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမ၌ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ဆောင်ရွက်
Jan 27,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းပြီး ယနေ့နံနက်(၈)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဒေသခံပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား နည်းများကို အလွယ်တကူ သိရှိလေ့လာ လိုက်ပါဆောင်ရွက်နိုင်ရန် (Fitness Dance) ကာယလေ့ကျင့်ခန်း အစီအစဉ်များကို သရုပ်ပြဆောင်ရွက်ကြကြောင်းသိရသည်။
ပြည်ထောင်စုအလံတော် သယ်ယူပို့ဆောင်မည့် ယာဉ်လမ်းကြောင်းတစ်လျှောက်အား ကြည့်ရှူစစ်ဆေး
Jan 27,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ပြည်ထောင်စုအလံတော် သယ်ယူပို့ဆောင်မည့် ယာဉ်လမ်းကြောင်းကို ယမန်နေ့ နံနက်(၁၁း၀၀)နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ရာ ယာဉ်လမ်းကြောင်းဖြတ်သန်းရာ ကမ္ဘာအေးဘုရားလမ်း(ဗိုလ်မင်းခေါင်လမ်းထိပ်မှဦးထောင်ဘိုအဝိုင်းလည်းကောင်း)၊ ဦးထောင်ဘိုအဝိုင်းမှဦးဝိစာရအဝိုင်းထိလည်းကောင်း၊ အလုံလမ်း(ဦးဝိစာရအဝိုင်းမှပြည်လမ်းအထိ)၊
မင်းဘူးဈေးကွက်သို့ ငရုတ်သီးခြောက်များ အဖွင့်ဈေးကောင်းဖြင့်ဝင်ရောက်
Jan 27,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးဈေးကွက်သို့ ငရုတ်သီးခြောက်များ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက် လာခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ် ရွာသာပွဲရုံပိုင်ရှင် ဒေါ်စိန်မြထံမှ သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာရနံ့သိုက်၏ ''ယုံကြည်မှုဖြင့် အောင်မြင်ခြင်း'' စာအုပ်စာဖတ်ဝိုင်း ကျင်းပ
Jan 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေ းဆရာ ရနံ့သိုက်ရေးသားသည့်  ''ယုံကြည်မှုဖြင့်အောင်မြင်ခြင်း'' စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျိုက်မရောမြို့နယ်၌ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး
Jan 27,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို နေ့စဉ် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက ရပ်ကွက်၄ ခုနှင့် လူအများသွားလာ ဝင်ထွက်နေသည့် လမ်းဆုံလမ်းဝများတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
မသန်စွမ်းသူများ၏ အခွင့်အ​ရေးဆိုင်ရာ Talk Show ကျင်းပ
Jan 27,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လသာမြို့နယ်ရုံးတွင် ယ​နေ့ နံနက်(၁၀)နာရီအချိန်က မသန်စွမ်းသူများ၏ အခွင့်အ​ရေးဆိုင်ရာ Talk Show ​ဆွေး​​နွေးပွဲ ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် အများပြည်သူ သိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေးနှိုးဆော်
Jan 27,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ်တွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့  ညပိုင်းအချိန်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက် များအား  မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပေးလိုက်လံနှိုးဆော်
Jan 27,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြို တင်ကာကွယ်ရေးအတွက်  ယနေ့ နံနက်ပိုင်းက  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများ အရောက် မွန်/မြန်မာနှစ်ဘာသာဖြင့်   အသိပညာပေးလိုက်လံနှိုးဆော်သည်။