သတင်းများ

မိုးကောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့်ဆောင်းပါး ပြိုင်ပွဲကျင်းပ
Jan 27,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲကို အထက(၂)ကျောင်း ရတနာခန်းမ၌ ဇန်နဝါရီ ၂၇ ရက်နံနက်(၉)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြိုနယ်တွင် လူမှုကွန်ရက်များ၌ လှုံ့ဆော်မှုများမပြုလုပ်စေရေး သတင်းထုတ်ပြန်ချက်အား အသိပေးကြေငြာ
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖို မြို့နယ်တွင် လူမှုကွန်ရက်များမှ လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှုမရှိစေရန် သတင်း ထုတ်ပြန်ချက်အား အသိပေးကြေငြာခြင်းကို ယနေ့ည (၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေးနှိုးဆော် ခဲ့ကြသည်။
ဘုတ်ပြင်းမြို့တွင် နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် လိုက်လံအသိပေးနှိုးဆော်
Jan 27,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များက ဘုတ်ပြင်းမြို့တွင် နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီလ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့မဈေးအတွင်း ‌အရောင်းအဝယ် ပြုလုပ်လျက်ရှိသည့် ဈေးသူ၊ ဈေးသား များအား ပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ထားသည့်ထုတ်ပြန်ချက်ပါလက်ကမ်းစာစောင်များ အား ဖြန့်ဝေပေးခြင်းနှင့် ဈေးရောင်းချသူများအားသိရှိကြောင်း ဝန်ခံလက်မှတ်ရေးထိုးစေခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ငလျှင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့် 
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင်ငလျှင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါကထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီအချိန်တွင်မီးသတ်ဦးစီးဌာနရုံးတွင်ငလျှင်ဘေးအန္တရာယ်ဆိုင်ရာဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။ 
ဘုတ်ပြင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Jan 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အထက-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၌ အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန် လှည့်လည် အသိပေးနှိုးဆော်
Jan 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒ ဖြန့်မှုများ တွင် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်း မရှိစေရန် အသိပေးနှိုးဆော်ခြင်းကို ယမန်‌နေ့က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေး သင်တန်း (ဒုတိယအကြိမ်) ဖွင့်လှစ်
Jan 27,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးဆန်းဝင် ဦးဆောင်၍ အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း (ဒုတိယအကြိမ်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ က ကျဘက်ကံပြင်ရေချို ငါးသားဖောက်စခန်း၌ ကိုဗစ်-၁၉ ညွန်ကြားချက်နှင့်အညီ ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအသုတ်(ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ပြန်လည်ထိုးနှံပေး
Jan 27,2022
 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ  ဆရာတော်/သံဃာတော်များ၊ လူမှုရေးအသင်း အဖွဲ့များ၊  အသက်(၁၈)နှစ်အထက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် အတွက် ပဉ္စမအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း သိရသည်။