သတင်းများ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော် ခြင်းများ ဆောင်ရွက်
Jan 27,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာ ပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်တင်ဆက်မည့် တိုင်းဒေသကြီး ကိုယ်စားပြု အဖွဲ့များအား တွေ့ဆုံအားပေး
Jan 27,2022
မကွေးမြို့ မြို့တော်ခန်းမ၌(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ် များနှင့် ဖျော်ဖြေရေး အစီအစဉ်များတွင် ပါဝင်တင်ဆက်မည့် တိုင်းဒေသကြီး ကိုယ်စားပြု အဖွဲ့များအား တွေ့ဆုံအားပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စီမံကိန်းအသိပညာပေး (Talk Show) အစီအစဉ်ဆောင်ရွက်
Jan 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စီမံကိန်းဦးစီးဌာနရုံးတို့ ပူးပေါင်း၍ စီမံကိန်းအသိပညာပေး (TalkShow)အစီအစဉ် ဆွေးနွေးခြင်းကို ဇန်နဝါရီလ၁၆ရက်နေ့ မွန်းလွှဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျိုက်လတ်မြို့နယ် Community Centre ခန်းမ၌ မူးယစ်‌ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မူးယစ် ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးTalk Show ကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
လိပ်သိုမြို့တွင်  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်   
Jan 27,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေးစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လိပ်သိုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။
လေးမျက်နှာမြို့နယ် အိုင်သပြုစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားပြုလုပ်
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အိုင်သပြုသီရိမင်္ဂလာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယနေ့ နံနက်(၈:၃၀)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။ 
တနင်္သာရီမြို့နယ်၌နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jan 27,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ကျပ်စုစုပေါင်း(၁၄၁.၄၄၇) သန်းဖြင့် ဆောင် ရွက်သည့် တနင်္သာရီမြို့နယ်၊ ဘန်လော- ဘန်သဲ- ကျောက်မီးကျောင်း- မြန်မာအင်းတော်- ကျွဲထိန်း ကွင်း ကျေးရွာချင်းဆက်လမ်း ၁၃/၃ မိုင် အနက် မြေလမ်း ၁/၅ မိုင် (အပြီးသတ်)ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် ၅ ပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းနှင့် ဘန်သဲကျေး ရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်း  ၂/၀ မိုင် (ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်၊ ရေတားတမံအပါ) လုပ်ငန်း များ၏ ဆောင်ရွက်ပြီးစီးမှုများမှာရာခိုင်နှုန်းအနေဖြင့် ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးနေပြီးဖြစ် ကြောင်းတနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်)ထံမှသိရသည်။
ငါးသိုင်းချောင်းမြို့ လုထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ စာဖတ်ဝိုင်းကျင်းပ
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့‌ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ ညနေပိုင်းက စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာရေးဆရာ ဆရာလယ်တွင်းသားစောချစ်၏ ၁၉၈၉-ခုနှစ်၊ အမျိုးသားစာပေဆုရ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ကို စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။