သတင်းများ

တမူးမြို့ မြို့မစည်ပင်သာယာစျေးနှင့် ပြည်သူ့ဆေးရုံတွင်ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိအခမဲ့ စစ်ဆေးပေး
Jan 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုများ လျော့နည်းပပျောက်စေရန် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့မစည်ပင်သာယာစျေးရှိ စျေးခေါင်းရုံးနှင့်ပြည်သူ့ဆေးရုံတို့တွင် အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ လူတစ်ဦးလျှင် စားဆီတစ်ပိဿာကို ၄၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
Jan 27,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ မြို့မစည်ပင်သာယာစျေး အနောက်ဖက် တွင် ယနေ့ နံနက် ၆ နာရီ အချိန်မှစတင်၍ လူတစ်ဦးလျှင် စားဆီတစ်ပိဿာကို ၄၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရသည်။
နတ်မောက်မြို့နယ်တွင် ကြက်အုပ်ခြင်းတောင်း ယက်လုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
Jan 27,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကြက်အုပ်ခြင်းတောင်း ယက်လုပ် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း မြို့မရပ်ကွက်နေ ဦးမင်းအောင်ထံမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 27,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron) ရောဂါပိုးများကို သတိပြုအ‌လေးနက်ထားကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့တွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကြောင့် တောင်သူများ မိသားစုအပိုဝင်ငွေများရရှိ
Jan 27,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်သည် မြေဆီလွှာကောင်းမွန်၍ အပင်များ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင်းမှ ထွက်ရှိသည့် ကွမ်းရွက်များ ဈေးကောင်းသောကြောင့် ကွမ်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိ
Jan 27,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်း စိုက်ပျိုးကြသည့် ကွမ်းရွက်များ ဈေးကောင်းရသောကြောင့် ဒေသတွင်းမှာရှိတဲ့ ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူ အချို့၏ ပြောကြားချက်များအရသိသည်။
ပုံပါကျင်မြို့၌ အများပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်
Jan 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ အကြမ်းဖက်အဖွဲ့အစည်းများ၏ ဝါဒဖြန့်လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေး ယူခံရနိုင်သဖြင့် အများပြည်သူများ ပါဝင်ပတ်သက်မှုမရှိစေရေး ယမန်နေ့ ည ၇ နာရီက မြို့ပေါ် ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။