သတင်းများ

မင်းလှမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး
Dec 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင် များတွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက် ၈ နာရီခွဲက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ဒို့ကျေးရွာဂျာနယ် စာဖတ်ဝိုင်းကျင်းပ
Dec 08,2021
စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ စုပေါင်း၍ ဒို့ကျေးရွာ ဂျာနယ် စာဖတ်ဝိုင်းကို ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းက မြင်းမူမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့် တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးနေလင်းအောင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြား သည်။
မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့်ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 08,2021
မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံး ပြိုင်ပွဲနှင့် အမျိုးသား၊အမျိုးသမီးကြက်တောင်ပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့နံနက် ၈ နာရီအချိန်က ခရိုင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပ ကြောင်းသိရသည်။
ပဲခူးမြို့ ကုန်စိမ်းသားငါးပျံကျဈေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 08,2021
ပဲခူးမြို့၊ ညောင်ဝိုင်းမြောက်ပိုင်းရပ်ကွက် ကုန်စိမ်းသားငါးပျံကျဈေးရုံနေရာတွင် ယမန်နေ့ နံနက်ပိုင်းက ကုန်စိမ်းသားငါးပျံကျဈေးရုံဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ် ကျေးရွာသုံးရွာတွင် သောက်သုံးရေဖူလုံစေရေး အကောင်အထည်ဖော်ဆောင်ရွက်
Dec 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများ လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်စေရန်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရကာ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ်သန်းလေးဆယ်ကျော်ဖြင့် ကြောင်၊ သင်တောင်း၊ ရှားပင်ကျေးရွာ များတွင် သောက်သုံးရေဖူလုံ စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် မြန်မာဘာသာ၊ စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Dec 08,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မြို့‌ပေါ်ရပ်ကွက် များသို့ သွားရောက်၍‌ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်း ဆောင်ရွက်
Dec 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.လ.က ဝန်လိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသားလူငယ်များလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲဆောင်ရွက်
Dec 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ် စာစောင် ငှားရမ်းတတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဘိုးလိမ်းပစ်ပြိုင်ပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၈ နာရီခန့်က ရှမ်းရွာသစ် မြို့ပြည်သူ့ စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။