သတင်းများ

သံတောင်ကြီးမြို့ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်
Dec 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကလေး သူငယ် များ၊ စာပေချစ်မြတ်နိုး သူများအနေဖြင့် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်ပေးရာ ယနေ့နံနက်ပိုင်းက ရုန် တူစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် မေ့မေ့စကားနားထောင်မယ် ခေါင်းစဉ်ဖြင့် ပုံပြင်ပြောအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံ
Dec 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ရှိသူများအား ယနေ့ နံနက်ပိုင်းက ကြာနီကန်ရပ်ကွက် သာသနာ့ဗိမာန်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နောင်တရားမြို့ စန္တာခမ်းပအိုဝ်းတိုင်းရင်းသား ဘက်စုံဖွံ့ဖြိုးရေးကွင်း အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း ၇၀ ရာခိုင်နှုန်းကျော်ပြီးစီး
Dec 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ စန္တာခမ်းပအိုဝ်းတိုင်းရင်းသားဘက်စုံဖွံ့ဖြိုးရေးကွင်းအဝင်လမ်းကွန်ကရစ်လမ်းခင်းခြင်းကို နောင်တရားဒေသပအိုဝ်းတိုင်းရင်းသားများ၊ အလှူရှင်များ စုပေါင်းလှူဒါန်းခြင်း နှင့် ဒေသခံများ ပူးပေါင်းပါဝင်လုပ်အားပေး ဆောင်ရွက်ခြင်းကြောင့် ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်သည်။
ဟိုပုံးမြို့၌ MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အအောက် ကလေးငယ်များ အား ထောက်ပံ့ပေးအပ်ခြင်း အသိပညာပေး Talk Show ပြုလုပ်
Dec 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အအောက် ကလေးငယ်များအား ထောက်ပံ့ပေးအပ်ခြင်း အသိ ပညာပေး Talk Show ကို ယနေ့ နံနက်၁၀နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ဟိုပုံး) Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။
မြိတ်မြို့တွင် မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း မီးသုံးစွဲမှု စစ်ဆေးပညာပေး
Dec 08,2021
ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက မြိတ် မြို့ မြိတ်တောင်ကျေးရွာ ရွှေပြည်တန်ရပ်ကွက်တွင် တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုစစ်ဆေးပြီး ပညာပေးဆောင်ရွက်ခဲ့ကြသည်။
ပေါက်ခေါင်းမြို့နယ်၌ အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 08,2021
ပဲခူးတိုင်းဒေသကြီး၊‌ ပေါက်ခေါင်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား (Phase-5 first dose) ကာကွယ်ဆေး ထိုးနှံပေးခြင်း ကို ယနေ့ နံနက်ပိုင်းက ‌ပေါက်ခေါင်းမြို့ လေးမျက်နှာဇာတ်ရုံနှင့် သတ်မှတ်ထားသည့် ဆေးထိုးစုရပ် အသီးသီးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ် အထက်ပြည်သူ (၂၇၀)ဦး အား ဒုတိယအကြိမ် ကိုဗစ်-၁၉     ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး    
Dec 08,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ် အထက်ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Dec 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် Book Club အဖွဲ့ဝင်များက စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ပျိုးတတ်မှ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။