အောင်လံမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေး

အောင်လံ ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရုံးတွင်းဆောင်ရွက်မှုနှင့် ကွင်းဆင်း ဆောင်ရွက်မှုများအား စဉ်ဆက်မပြတ်  ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ ဦးစီးမှူးရုံးတွင် ဇန်နဝါရီလ ၂၇ ရက်နေ့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  ပြည်သူများအား နိုင်၃က(၅)ဦး၊ နိုင်၆က(၁၁)ဦး၊ လဲလှယ်(၁၇)ဦး၊ မိတ္တူ(၁၀)ဦး၊ စုစုပေါင်း(၄၃)ဦး တို့အားနေ့ချင်းပြီးပြုလုပ် ပေးနိုင်ခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ပြုလုပ်ပေးခြင်းကို ဒေသခံပြည်သူများ အဆင်ပြေစေရန် ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိသလို ကျန်ရှိသည့်ဒေသခံ ပြည်သူများအတွက်လည်း စဉ်ဆက်မပြတ် ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်လဝက ဦးစီးမှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)