မအူပင် ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မအူပင်ခရိုင် လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်းပြီးအမျိုးသမီးအကြမ်းဖက်မှု ဆိုင်ရာအသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က အသိပညာပေးTalk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မအူပင်ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက အကြမ်းဖက်မှုအမျိုးအစားများ၊ အကြမ်းဖက်ခံရသူအမျိုးသမီးများနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေမှုများ၊ အမျိုးသမီးများနှင့် ပတ်သက်ပြီး ဥပဒေပြဌာန်းထားရှိမှုများ၊ အမျိုးသမီးများ အကြမ်းဖက်ခံရပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်မည့်နည်းလမ်းများအား ဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။
ခရိုင် ပြန် /ဆက်(မအူပင်)