မန္တလေး၊အောင်မြေသာစံမြို့နယ် တွင် နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်လက်ကမ်းများ အသိပေးဖြန့်ဝေ
Jan 28,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင်နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်အား ပြည်သူများသိရှိလိုက်နာစေရန်အသိပညာပေးလက်ကမ်းစာစောင်နှင့်အာဏာဖီဆန်ရေး၊အသံတိတ်သပိတ်ပြုလုပ်ရေး၊ဈေးဆိုင်များပိတ်ရန် စသည်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးအရေးယူမှု လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ် ၁၉ ရပ်ကွက်အတွင်းရှိ ဈေးများနှင့် ရပ်ကွက်များအတွင်း ဈေးဆိုင်များသို့ လိုက်လံပေးဝေခြင်း၊ သိရှိကြောင်းလက်မှတ် ရေးထိုးစေခြင်းနှင့်အသိပညာပေးလက်ကမ်းနှင့် ထုတ်ပြန်ကြေငြာချက် ဖြန့်ဝေပေးခဲ့သည့် ဈေးဆိုင်များအား စာရင်းပြုစုခြင်းများဆောင်ရွက်ကြသည်။