ဝက်လက် ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနတွင် ယနေ့ နံနက် ၉ နာရီ အချိန်က မျိုးစေ့ထုတ် စိုက်ကွက်နှင့် စံပြကွက် စိုက်ပျိုးသည့် တောင်သူများထံသို့ ထောက်ပံ့စ္စည်များကို ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက လက်ဝယ် အရောက် ထောက်ပံပေးအပ်ကြောင်း သိရသည်။
မျိုးစေ့ထုတ်ကွက်နှင့် စံပြစိုက်ကွက် တောင်သူများအတွက် တစ်ဧကကို ရွှေသွယ်ရင် စပါးမျိုးစေ့ တစ်အိတ်၊ ဂျစ်ပဆန် မြေသြဇာနှစ်အိတ်၊ ပိုးကာကွယ်ဆေး တစ်လီတာ၊ ရောဂါ ကာကွယ်ဆေး တစ်လီတာ တို့ကို ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို မြို့နယ်အတွင်းရှိ မျိုးစေ့ထုတ် စိုက်ကွက်နှင့် စံပြကွက် စိုက်ပျိုးမည့် တောင်သူ(၁၁)ဦးအား တိုင်းဒေသကြီး ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)