ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း နိုင်ငံတော်အစိုးရထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ပြည်ကြီးမဏ္ဍိုင်     ဇန်နဝါရီ     ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဈေးဆိုင်များ၊ စားသောက် ဆိုင်များ၊ ကုန်မာဆိုင်နှင့်ကွမ်းယာဆိုင်များအား  Silent Strike (အသံတိတ်သပိတ်)၌ ပါဝင်မှုမရှိစေ ရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်က အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရ သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့အုပ်ချုပ်ရေးမှူး  ဦးသိန်းမင်းထိုက် ဦး ဆောင်၍ဝန်ထမ်းများ၊နယ်မြေရဲစခန်း၊ ရဲစခန်းမှူးရဲအုပ်တင်အောင်ဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊မြို့စည်ပင် သာယာရေးအဖွဲ့၊ မြို့တာဝန်ခံဦးနေလင်းအောင်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက မြို့ပေါ်ရပ်ကွက် အတွင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ကုန်မာဆိုင်နှင့် ကွမ်းယာဆိုင်များအားပုံမှန်အတိုင်းဖွင့် လှစ်သွားရန် အကြောင်းမဲ့ ဆိုင်ပိတ်မှုများမပြုလုပ်ရန်၊ Silent Strike (အသံတိတ်သပိတ်)တွင် ပါဝင်ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာအ ရေးယူခံရမည့် အခြေအနေများအား ရှင်းလင်းပြောကြား ပြီးဆိုင်ပိုင်ရှင်များထံသို့ လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြကြောင်းနှင့် သိရှိပြီးကြောင်း လက်မှတ် ရေးထိုးစေခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ကေခိုင်ဝင်း(မဏ္ဍိုင်၊ပြန်/ဆက်)