(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းဆင့် ကျပန်းစကား ပြောပြိုင်ပွဲကျင်းပ

ညောင်ဦး  ဇန်နဝါရီ  ၂၈

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စု နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ပေါင်းစုံ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲအား ညောင်ဦးမြို့၊အခြေခံပညာ အထက် တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမကြီးတွင် ယနေ့နံနက် ၉နာရီအချိန်ကစတင်ပြီး ကျပန်း ပြောစကားပြိုင်ပွဲကျင်းပခဲ့ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်စုစုခင် (ဒုတိယ ညွှန်ကြားရေးမှူး)ထံက သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြော ပြိုင်ပွဲ မစတင်မီ ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်စုစုခင်မှ (၇၅)နှစ်မြောက်စိန်ရတုပြည် ထောင်စုနေ့  ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပြိုင်ပွဲစည်းကမ်းချက်များ မိမိတို့မဲနှိုက်ပြီး ပြိုင်ပွဲ ခေါင်းစဉ်များအလိုက် ဒိုင်များသတ်မှတ်ချက်များအတိုင်းလိုက်နာရမည်ဖြစ်ကြောင်း စည်းကမ်းချက် အမှာစကားပြောကြားပြီး ပြိုင်ပွဲအားယှဉ်ပြိုင်စေကြောင်းသိရသည်။မြို့နယ် အထက်တန်းအဆင့် ပြိုင်ပွဲများအား ဇန်နဝါရီ ၂၆ ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြပြီး ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်မှ အထက်တန်းအဆင့်ကျောင်း သား/သူများ ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရပြီး ဆုရကျောင်းသား/သူများအား ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် မည်ဖြစ်ကြောင်း၊ ကျပန်း စကားပြောပြိုင်ပွဲသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးများ တက်ရောက်အားပေးခဲ့ကြောင်း သိရ သည်။

ကိုထိန်၊KPD