သီပေါ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဆွမ်း ကိစ္စရပ် အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက ယနေ့ နံနက်ပိုင်းက အောင်စေတီ ဘုန်းတော်ကြီး ကျောင်းသို့ ဆွမ်းဆန်တော်နှင့် ဆီများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် အောင်စေတီဘုန်းတော်ကြီးကျောင်းမှ ဆရာတော်၊ သံဃာတော်၊ ရဟန်း၊ သာမဏေများအတွက် ဆန်(၄)အိတ်နှင့် ပဲဆီ(၂)ပုံးကို ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့၊ ဦးစီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းရာ ကျောင်းထိုင်ဆရာတော်က လက်ခံရယူခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ပဲဆီများအား လစဉ် အလှည့်ကျ ဆက်ကပ် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)