သတင်းများ

အုတ်ဖိုမြို့မစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Dec 13,2021
မြို့မဈေးရှိ ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေး အန္တရာယ်ကြုံ တွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ(၃)နာရီအချိန်က အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ယန်းခမ်းစျေးရှေ့တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့နယ် ဘက်ရဲမြို့သစ် ထုတ်လုပ်ရေးစခန်းနှင့် မျှင်ဝါးတောင်သစ်ထုတ်လုပ်ရေး စခန်းများတွင် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့်မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်
Dec 13,2021
တောင် သစ်ထုတ်လုပ်ရေးစခန်းများတွင် ယမန်နေ့နံနက်ပိုင်းက မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် ရေးအသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့် ခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပဉ္မအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Dec 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပဉ္စမအသုတ် (ပထမ)အကြိမ်  ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ဆေးထိုးစုရပ်ဖြစ်သော မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
စဉ့်ကိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲဆောင်ရွက်
Dec 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ (၁) နာရီ က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်  (၇၅)  နှစ်မြောက် လွတ်လပ်ရေးနေ့    အထိမ်းအမှတ်အကြို ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မိုင်းနောင် မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပုံပြောပြိုင်ပွဲကျင်းပ
Dec 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျောင်းသား /ကျောင်းသူလေးများ အားလပ်သည့်အချိန် စာပေဖတ်ရှုလေ့လာမှု အလေ့အထရှိစေရန်နှင့် စိတ်ပျော်ရွှင်လန်းဆန်း တက်ကြွစေရန်၊ စာဖတ်စွမ်းရည်များ၊ စကား‌ပြောစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ပုံပြောပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အမ်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လူဦးရေစာရင်းကိုအခြေခံ၍ မဲဆန္ဒရှင်စာရင်းများ ဖြည့်စွပ်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 13,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဦးရေစာရင်းကို အခြေခံ၍ မဲဆန္ဒရှင်စာရင်းများ ဖြည့်စွပ်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲဆောင်ရွက်
Dec 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန ( Community  Centre  ) ခန်းမတွင် ယနေ့ မွန်းလွဲ ( ၁ ) နာရီ က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄ )ရက် နေ့တွင် ကျရောက်မည့်  ( ၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့    အထိမ်းအမှတ်အကြို ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။